Coronavirus
India to export Covid vaccines within weeks The country's drugs regulator has given the green light to two vaccines - one developed by AstraZeneca with Oxford University (Covishield) and one by local firm Bharat Biotech (Covaxin). ကာကွယ်ဆေး စထိုးပြီး ၂ပတ်ကြာတာနဲ့ တောင် အာရှက အိမ်နီးချင်း နိုင်ငံတွေကို ဆေးတင်ပို့မယ့် အစီအစဉ်ကို ခွင့်ပြုသွားမှာပါ။ တချို့ တင်ပို့တဲ့ အစီအစဉ်က အိန္ဒိယက လက်ဆောင်ပေးတဲ့ သဘောမျိုးဖြစ်ပြီး၊ တခြားနိုင်ငံတွေကိုတော့ အစိုးရက ရရှိထားတဲ့ စျေးနှုန်းအတိုင်း ပြန်လည် ရောင်းချ ပေးသွားမယ်လို့ အမည်မဖော်လိုသူ နိုင်ငံခြားရေး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ ကမ္ဘာမှာ အကြီးဆုံး ကာကွယ်ဆေး ထုတ်လုပ်သူ အနေနဲ့ အိမ်နီးချင် နိုင်ငံတွေနဲ့ ထားရှိတဲ့ ကတိစကားတွေကို ဖြည့်ဆည်းဖို့ လုပ်ဆောင် နေတယ်လို့လည်း ဆိုပါတယ်။ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုဖို့ ဇန်နဝါရီလ ၃ ရက်နေ့က အတည်ပြုပေးထားခဲ့ပြီး နောက် ၁၀ ရက်အတွင်းမှာ ကာကွယ်ဆေး ထိုးနှံရေး လုပ်ငန်းတွေကို စတင်သွားမယ်လို့ တာဝန်ရှိသူက ဒေလီမြို့မှာ သတင်းသမားတွေကို ပြောခဲ့ပါတယ်။ အောက်စ်ဖို့ဒ် အန်စထရာ ဇန်နကာ ရဲ့ ဆေးကို အိန္ဒိယမှာ ထုတ်လုပ်တဲ့ ဆီရမ် ကုမ္ပဏီ ...